ဦးယဉ်မင်းထွန်း (အင်္ဂလိပ်စာ) [ပညာစံအိမ် နေ့အထူးနှင့် ဘော်ဒါ] ၏ အင်္ဂလိပ် Grammar များ
(ချစ်တပည့် ကောင်းခန့်ကျော်မှ စာစီ၍ ဂုဏ်ပြုပူဇော်ထားပါသည်။)
Active ~ Passive
=============
Active
Activous ဆိုတဲ့ Latin ဘာသာစကားက ဆင်းသက်လာတယ်။
အင်္ဂလိပ်လို Doing ၊ မြန်မာလို ပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ရတယ်။
ပြုလုပ်သူ Subject ကို ရှေ့တန်းတင်ရေးရင် Active စာကြောင်း။
Passive
Passivous ဆိုတဲ့ Latin ဘာသာစကားက ဆင်းသက်လာတယ်။
အင်္ဂလိပ်လို Suffering ၊ မြန်မာလို ခံရခြင်းလို့ အဓိပ္ပာယ် ရတယ်။
ခံရသူ Object ကို ရှေ့တန်းတင်ရေးရင် Passive စာကြောင်း။
Active ==>> Passive
ပထမ စာကြောင်းက Object ဟာ ဒုတိယ စာကြောင်းမှာ Subject နေရာ ရောက်ရင် Active ကနေ Passive ပြောင်းခိုင်းတယ်။
ပထမဆုံး Verb ပုံစံတွေ ပြောင်းပေးရတယ်။
အထားအသို
(1) Subject တိကျရင် by ခံ ပြန်ရေးပေးရတယ်။
(2) Subject မတိကျရင် ပြန်ရေးစရာ မလို။
==> I , We , You , He , She , It , They , Someone , All , People , Everyone , No one , No body , Somebody , Everybody
(3) နေနောက်
နေရာပြပုဒ် ပါရင် V3 ရဲ့ နောက်မှာ ကပ်ထားရေးပေးရတယ်။
(4) မူရှေ့
အမူအရာ ပြပုဒ်ပါရင် V3 ရဲ့ ရှေ့မှာ ထားရေးပေးရတယ်။
(5) အချိန်နဂို မူရင်း
အချိန်ပြပုဒ်ပါရင် နဂိုမူရင်းနေရာမှာ ထားရေးရတယ်။
(6) Verb Preposition အတွဲပါရင် အတွဲလိုက် ပြန်ရေးပေးရတယ်။
(7) Direct object / Indirect Object နှစ်မျိုးပါရင် နှစ်မျိုးစလုံး ပြောင်းပေးရတယ်။
Direct object ကို ပေးထားရင် Indirect object ကို to / for ခံရေးပေးရတယ်။
Direct object = ပေးတဲ့ပစ္စည်း
Indirect object = လက်ခံတဲ့သူ
(8) No one / Nobody Subject ဆိုရင် Passive စာကြောင်းမှာ ငြင်းပေးရတယ်။
Examples:
1. Ko Ko writes a letter.
A letter is written by Ko Ko.
2. He ate the bananas.
The bananas were eaten.
3. Mg Mg will meet you at the VIDEO station.
You will be met at the VIDEO station by Mg Mg.
4. Mother bought some mangoes yesterday.
Some mangoes were bought by mother yesterday.
r
No comments:
Post a Comment